Embassy of the Republic of the Union of Myanmar in Addis Ababa​​

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ အဒစ်အဘာဘာမြို့

Myanmar Ambassador to Ethiopia attends the celebration of the 47th National Day of Iran and the 75th Anniversary of Diplomatic Relations between Iran and Ethiopia

(10-2-2026, Addis Ababa)

H.E. U Aung Min Oo, Myanmar Ambassador to Ethiopia, attended the celebration of the 47th National Day of Iran and the 75th Anniversary of Diplomatic Relations between Iran and Ethiopia, held on 10 February 2026 at the Iran Embassy in Addis Ababa, at the invitation of H.E. Mr. Ali Akbar Rezaei, Iran Ambassador to Ethiopia.

The celebration was attended by officials from the Ministry of Foreign Affairs of Ethiopia, officials from the African Union, Ambassadors, Chiefs of Missions, Diplomats from various foreign embassies based in Addis Ababa, and other distinguished guests.

************************

အီရန်နိုင်ငံ၏ (၄၇)ကြိမ်မြောက် အမျိုးသားနေ့နှင့် အီရန်-အီသီယိုပီးယား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၇၅)နှစ်ပြည့် အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်

(၁၀-၂-၂၀၂၆ ၊ အဒစ်အဘာဘာမြို့)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယား နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး၏ ဖိတ်ကြားချက်အရ ၁၀-၂-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့၊ အီရန်သံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် အီရန်နိုင်ငံ၏ (၄၇)ကြိမ်မြောက် အမျိုးသားနေ့နှင့် အီရန်-အီသီယိုပီးယား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၇၅)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ၊ အာဖရိကသမဂ္ဂမှ အဆင့်မြင့်အရာရှိကြီးများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံအမတ် ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Contact Us

Address

NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA

Phone

(+251)-1-16726510

© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.