Embassy of the Republic of the Union of Myanmar in Addis Ababa​​

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ အဒစ်အဘာဘာမြို့

Myanmar Ambassador pays a courtesy call on the Director General of the Ethiopian Ministry of Foreign Affairs

(15-5-2026, Addis Ababa)

H.E. U Aung Min Oo, Ambassador of Myanmar to Ethiopia, paid a courtesy call on Ambassador Dawano Kedir, Director General of the Middle East, Asia, and Pacific Affairs Department of the Ministry of Foreign Affairs of Ethiopia, on 15 May 2026 at the Ministry of Foreign Affairs of Ethiopia.

During the meeting, they held cordial discussions on matters relating to strengthening bilateral relations between the two countries and enhancing cooperation in various areas of mutual interest. Furthermore, the Myanmar Ambassador briefed the Director General on the recent developments in Myanmar, the objectives and policies of the Myanmar Government, and the future processes being implemented for national peace and development. Additionally, they discussed the signing of bilateral cooperation agreements between Myanmar and Ethiopia. In reply, the Director General reaffirmed Ethiopia’s commitment to further enhancing bilateral cooperation.

************************

မြန်မာသံအမတ်ကြီးနှင့် အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း

(၁၅-၅-၂၀၂၆ ၊ အဒစ်အဘာဘာမြို့)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်ရေးရာဌာန၏ ညွှန်ကြားရေးမှူးချုပ် Ambassador Dawano Kedirm အား ၁၅-၅-၂၀၂၆ ရက်တွင် အီသီယိုပီးယားနိုင်ငံခြား ရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက် ရေး၊ နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေ အနေများ၊ မြန်မာအစိုးရ၏ ရည်မှန်းချက်များနှင့် မူဝါဒများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ အား လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်က နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် အီသီယိုပီးယားနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုပြောကြားခဲ့သည်။

Contact Us

Address

NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA

Phone

(+251)-1-16726510

© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.