ဗင်နီဇွဲလားနိုင်ငံငလျင်ဘေးအတွက် မြန်မာသံအမတ်ကြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
(6-7-2026, Addis Ababa)
H.E. U Aung Min Oo, Myanmar Ambassador to Ethiopia, visited the Embassy of the Bolivarian Republic of Venezuela in Addis Ababa on 6 July 2026 to sign the book of condolences following the tragic twin earthquakes that struck Venezuela on 24 June 2026. On behalf of the government and the people of Myanmar, the Ambassador expressed his deepest sympathies and profound condolences to the government and people of Venezuela, particularly to the bereaved families affected by the disaster.
************************
(၆-၇-၂၀၂၆၊ အာဒစ်အာဘာဘာမြို့)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဗင်နီဇွဲလားနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်းမှတ်တမ်း စာအုပ်တွင် လက်မှတ် ရေးထိုးရန် အဒစ်အာဘာဘာမြို့ရှိ ဗင်နီဇွဲလားသံရုံးသို့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။ သံအမတ်ကြီးက မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား ဗင်နီဇွဲလားအစိုးရ၊ ပြည်သူများနှင့်တကွ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် သေဆုံး၊ ဒဏ်ရာရသူများ၏ မိသားစုဝင်များထံသို့ စာနာထောက်ထားမှုနှင့် ဝမ်းနည်းကြောင်းဖော်ပြလျက် လက်မှတ်ရေးထိုးခဲ့ပါသည်။
Contact Us
Address
NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA
Phone
(+251)-1-16726510
© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.


