တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် (၇၇) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်
(၂၅-၉-၂၀၂၆ ၊ အဒစ်အဘာဘာမြို့)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၂၄-၉-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့၊ Skylight Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အီသီယိုးပီးယားနိုင်ငံ၏ ယခင်သမ္မတ H.E. Dr. Mulatu Teshome က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အီသီယိုပီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဖရိကသမဂ္ဂမှ တာဝန်ရှိသူများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံအမတ်ကြီး များ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
************************
(25-9-2026, Addis Ababa)
H.E. U Aung Min Oo, Myanmar Ambassador to Ethiopia, attended the reception organized to mark the 77th Anniversary of the Founding of the People’s Republic of China. The event was held on 24 September 2026 at the Skylight Hotel in Addis Ababa.
The event was attended by former President of Ethiopia, H.E. Dr. Mulatu Teshome, as the chief guest, alongside officials from the Ministry of Foreign Affairs of Ethiopia, officials from the African Union, Ambassadors, Chiefs of Missions, Diplomats from various foreign embassies based in Addis Ababa, and other guests.
Contact Us
Address
NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA
Phone
(+251)-1-16726510
© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.


