မြန်မာသံအမတ်ကြီး Thailand-Africa Initiative မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၂၈-၈-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပပြုလုပ်ခဲ့သည့် Thailand-Africa Initiative မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်း အနားသို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow၊ ကင်ညာနိုင်ငံအခြေစိုက် အီသီယိုပီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mrs. Jirusaya Birananda၊ အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်ရေးရာဌာန၏ ညွှန်ကြားရေးမှူးချုပ် Ambassador Dawano Kedir၊ အာဖရိကသမဂ္ဂမှ ကိုယ်စားလှယ်များနှင့် အဒစ်အဘာဘာမြို့အခြေစိုက် သံအမတ်ကြီးများ တက်ရောက်ခဲ့ကြ ပါသည်။
************************
Myanmar Ambassador Attends the Launching Event of Thailand-Africa Initiative
Myanmar Ambassador to Ethiopia, H.E. U Aung Min Oo, attended the launching event of the Thailand-Africa Initiative hosted by the Ministry of Foreign Affairs of Thailand on 28 August 2026 in Addis Ababa. The event was attended by H.E. Mr. Sihasak Phuangketkeow, Deputy Prime Minister and Minister of Foreign Affairs of Thailand; H.E. Mrs. Jirusaya Birananda, Ambassador of Thailand to Ethiopia based in Kenya; Ambassador Dawano Kedir, Director General for Middle East, Asia and Pacific Affairs of the Ministry of Foreign Affairs of Ethiopia; representatives from the African Union; and Ambassadors based in Addis Ababa.
Contact Us
Address
NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA
Phone
(+251)-1-16726510
© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.


