Consular Services
Consular Services
မြန်မာသံရုံး၊ အဒစ်အဘာဘာမြို့ ဆောင်ရွက်ပေးလျက်ရှိသည့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ
မြန်မာသံရုံး၊ အဒစ်အဘာဘာမြို့မှ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကောင်စစ်ကိစ္စရပ်များအား နေ့စဉ် ရုံးဖွင့်ရက် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၁၀း၀၀ နာရီမှ ညနေ ၁၅း၀၀ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။
| စဉ် | အကြောင်းအရာ | ကောက်ခံငွေ |
|---|---|---|
| ၁။ | နိုင်ငံကူးလက်မှတ် သက်တမ်းတိုး(အသစ်) လျှောက်ထားခြင်း | USD 40 |
| ၂။ | နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးများအတွက် အသစ် ပြန်လည် လျှောက်ထားခြင်း | USD 145 |
| ၃။ | မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ ကတ်ပြား (Certificate of Identity – C of I) လျှောက်ထားခြင်း | USD 20 |
| ၄။ | ဝင်ငွေခွန်ပေးဆောင်ခြင်း | – |
| ၅။ | ခွင့်ပြန်ထောက်ခံစာလျှောက်ထားခြင်း | USD 20 |
********************
မြန်မာသံရုံး၊ အဒစ်အဘာဘာမြို့အနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးကိစ္စ နှင့်စပ်လျဉ်း၍ အထက်ပါ ကိစ္စရပ်များအပါအဝင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံသားများအရေးကိစ္စနှင့်စပ်လျဉ်း၍ ရုံးချိန်အတွင်း အောက်ပါအတိုင်း ဆက်သွယ်ဆောင် ရွက်နိုင်ပါသည်-
တယ်လီဖုန်း – (+251)-1-16726510
Email – myanmarembassyethiopia@gmail.com
ရုံးချိန် ပြင်ပနှင့် ရုံးပိတ်ရက်များတွင် မြန်မာနိုင်ငံသားများ၏ အရေးပေါ်ကိစ္စရပ်များအတွက် မြန်မာသံရုံး၊ ကောင်စစ်ဌာန တာဝန်ခံ ဖုန်းနံပါတ် (+251) 994185848 သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
********************
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း
၁။ ကိုယ်ရေးလျှောက်လွှာ
၂။ လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်
၃။ လျှောက်ထားသူ၏ ဓါတ်ပုံ(Hard Copy ၃ ပုံနှင့်Soft Copy)၊ လက်မှတ်နှင့် လက်ဗွေ
၄။ နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ
၅။ ရောက်ရှိနိုင်ငံမှ ထုတ်ပေးထားသော အထောက်အထားကတ်မိတ္တူ/ ရောက်ရှိနိုင်ငံသို့ ဝင်ရောက်လာသည့် ဗီဇာအမျိုးအစား၊ ဗီဇာစာမျက်နှာ
၆။ မြန်မာနိုင်ငံသား စိစစ်ရေးကတ်မိတ္တူ
၇။ အိမ်ထောင်စုစာရင်းမိတ္တူ
၈။ PV မှ PJ သို့ ပြောင်းလဲလျှောက်ထားသူများသည် ကိုယ်ရေးလျှောက်လွှာတစ်စောင် ရေးသား၍ မည်သည့်အလုပ်ကို လုပ်ကိုင်လျှက်ရှိကြောင်း ပြည့်စုံစွာ ဖော်ပြကာ နှင့်အလုပ် လုပ်ကိုင်နေသော ကုမ္ပဏီ/ အဖွဲ့အစည်း၏ ထောက်ခံချက် (သို့) စာချုပ် (လစာနှုန်းထား ပါဝင်ရပါမည်) ပူးတွဲတင်ပြရမည်။ ဝင်ငွေခွန် ပေးဆောင်ထားကြောင်း အထောက်အထား ပူးတွဲ တင်ပြရပါမည်။
၉။ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် သက်တမ်းတိုးသည့် အခါ OWIC ကတ်ရှိပါက ပူးတွဲတင်ပြရန်နှင့် မရှိပါက မြန်မာနိုင်ငံသို့ ခွင့်ပြန်သည့် အခါ မဖြစ်မနေ လျှောက်ထားရပါမည်။
၁၀။ သံရုံးမှ လိုအပ်ပါက အခြားအချက်အလက်များ ထပ်မံတောင်းခံပါမည်။
လျှောက်လွာပုံစံ နမူနာများ
ကိုယ်ရေးမှတ်တမ်းပုံစံ
ဓါတ်ပုံဆိုင်ရာ အချက်အလက်များ
********************
နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးများအတွက် အသစ်ပြန်လည် လျှောက်ထားခြင်း
၁။ ကိုယ်ရေးလျှောက်လွှာ (ကျိုးကြောင်း ပြည့်စုံစွာ ဖော်ပြရန်)
၂။ လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်
၃။ လျှောက်ထားသူ၏ ဓါတ်ပုံ(Hard Copy ၃ ပုံနှင့်Soft Copy)၊ လက်မှတ်နှင့် လက်ဗွေ
၄။ နိုင်ငံကူးလက်မှတ် မူရင်း
၅။ ရောက်ရှိနိုင်ငံမှ ထုတ်ပေးထားသော အထောက်အထားကတ်မိတ္တူ/ ရောက်ရှိနိုင်ငံသို့ ဝင်ရောက်လာသည့် ဗီဇာအမျိုးအစား၊ ဗီဇာစာမျက်နှာ
၆။ မြန်မာနိုင်ငံသား စိစစ်ရေးကတ်မိတ္တူ
၇။ အိမ်ထောင်စုစာရင်းမိတ္တူ
၈။ ရဲစခန်းထောက်ခံစာ
လျှောက်လွာပုံစံ နမူနာ
ကိုယ်ရေးမှတ်တမ်းပုံစံ
ဓါတ်ပုံဆိုင်ရာ အချက်အလက်များ
********************
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ ကတ်ပြား( Certificate of Identity – C of I) လျှောက်ထားခြင်း
၁။ ကိုယ်ရေးလျှောက်လွှာ (ကျိုးကြောင်း ပြည့်စုံစွာ ဖော်ပြရန်)
၂။ လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်
၃။ လျှောက်ထားသူ၏ ဓါတ်ပုံ(Hard Copy ၃ ပုံနှင့်Soft Copy)၊ လက်မှတ်နှင့် လက်ဗွေ
၄။ နိုင်ငံကူးလက်မှတ် မိတ္တူ
၅။ ရောက်ရှိနိုင်ငံမှ ထုတ်ပေးထားသော အထောက်အထားကတ်မိတ္တူ/ ရောက်ရှိနိုင်ငံသို့ ဝင်ရောက်လာသည့် ဗီဇာအမျိုးအစား၊ ဗီဇာစာမျက်နှာ
၆။ မြန်မာနိုင်ငံသား စိစစ်ရေးကတ်မိတ္တူ
၇။ အိမ်ထောင်စုစာရင်းမိတ္တူ
၈။ ရဲစခန်းထောက်ခံစာ
လျှောက်လွာပုံစံ နမူနာ
ကိုယ်ရေးမှတ်တမ်းပုံစံ
ဓါတ်ပုံဆိုင်ရာ အချက်အလက်များ
********************
ဝင်ငွေခွန်ပေးဆောင်ခြင်း
၁။ အခွန်ထမ်းဆောင်ရန် လျှောက်ထားသည့် လျှောက်လွှာ
၂။ အလုပ်စာချုပ်
၃။ အခြေခံလစာနှင့်အခြားစရိတ်များ ခွဲခြားပြသသည့် အထောက်အထား (အခြားစရိတ် များရှိပါက)
၄။ Pay Slip
၅။ နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ
၆။ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ
၇။ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား (OWIC)
၈။ သံရုံးမှ လိုအပ်ပါက အခြားအချက်အလက်များ ထပ်မံတောင်းခံပါမည်။
၉။ ပြည်ပရောက် မြန်မာနိုင်ငံသားများ အခွန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန် ဦးစီးဌာန၏ Website များဖြစ်သည့် https://www.ird.gov.mm/ နှင့် https://paye.ird.gov.mm/ တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
********************
ခွင့်ပြန်ထောက်ခံစာလျှောက်ထားခြင်း
၁။ ကိုယ်ရေးလျှောက်လွှာ
၂။ မြန်မာနိုင်ငံကူးလက်မှတ်ကာလာမိတ္တူ
၃။ OWIC ကတ် ရှေ့/နောက် ကာလာမိတ္တူ
၄။ အမြဲတမ်းနေထိုင်ခွင့်ကတ် (သို့မဟုတ်) အလုပ်လုပ်ခွင့်ကတ် (သို့မဟုတ်) ဗီဇာ မိတ္တူ
၅။ ကုမ္ပဏီ/ အလုပ်ရှင်၏ ခွင့်ပြုစာ
၆။ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ
၇။ အိမ်ထောင်စုစာရင်း မိတ္တူ
၈။ အလုပ်စာချုပ်
၉။ ကုမ္ပဏီ/ အလုပ်ရှင်ဆိုင်ရာ အချက်အလက်များ။
၈။ OWIC ကတ်တွင် ဖော်ပြထားသည့် အလုပ်နှင့် လက်ရှိအလုပ် မတူညီပါက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် OWIC ကတ်အသစ် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး OWIC ကတ် မရှိပါကလည်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် ပြုလုပ်ရမည်ဖြစ်ပါသည်။
၉။ သံရုံးမှ လိုအပ်ပါက အခြားအချက်အလက်များ ထပ်မံတောင်းခံပါမည်။
Contact Us
Address
NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA
Phone
(+251)-1-16726510
© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.










