Embassy of the Republic of the Union of Myanmar in Addis Ababa​​

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ အဒစ်အဘာဘာမြို့

Ambassador of the Republic of the Union of Myanmar to Ethiopia pays a courtesy call on H.E. Ambassador Mr. Hadera Abera, State Minister of Foreign Affairs for Political and Economic Affairs of the Federal Democratic Republic of Ethiopia

(7-8-2025, Addis Ababa)

H.E U Aung Min Oo, Ambassador of the Republic of the Union of Myanmar to the Federal Democratic Republic of Ethiopia paid a courtesy call on H.E. Ambassador Mr. Hadera Abera, State Minister of Foreign Affairs for Political and Economic Affairs of the Federal Democratic Republic of Ethiopia on 7 August 2025 at 15:00 p.m at the Ministry of Foreign Affairs in Addis Ababa.

During the meeting, they cordially exchanged views on the strengthening of existing Myanmar-Ethiopia bilateral relations, expanding economic cooperation in trade and investment, particularly in mining, agriculture and livestock sectors, as well as the cooperation between research institutions and the importance of working together to combat transnational organized crime.

************************

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ အီသီယိုပီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ State Minister, Ambassador Hadera Abera အား သွားရောက်တွေ့ဆုံ

(၇-၈-၂၀၂၅၊ အဒစ်အဘာဘာ)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယားနိုင်ငံခြား ရေးဝန်ကြီးဌာန၊ နိုင်ငံရေးနှင့် စီးပွားရေးရာဌာန State Minister, Ambassador Hadera Abera အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက် (၁၅:၀၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့၊ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အထူးသဖြင့် သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတို့တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်နိုင်ရေး၊ သုတေသနအဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအား ပူးပေါင်းတိုက်ဖျက် ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

Contact Us

Address

NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA

Phone

(+251)-1-16726510

© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.