Embassy of the Republic of the Union of Myanmar in Addis Ababa​​

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ အဒစ်အဘာဘာမြို့

Ambassador of the Republic of the Union of Myanmar to Ethiopia receives Ambassador and the Special Envoy of the OSC Secretary-General for Multilateral Affairs

(29-8-2025, Addis Ababa)

H.E. U Aung Min Oo, Ambassador of the Republic of the Union of Myanmar to the Federal Democratic Republic of Ethiopia, received H.E. Mr. Teshome Toga Chanaka, Ambassador and Special Envoy for Multilateral Affairs of the Secretary-General of the Organization of Southern Cooperation (OSC), on 29 August 2025 at 1:00 PM at the Embassy of Myanmar in Addis Ababa.

During the meeting, the Special Envoy shared the purpose and vision of establishing the Organization and its functions. Afterwards, the two sides cordially exchanged views on potential cooperation on education and technology.

************************

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ OSC အတွင်းရေးမှူးချုပ်၏ နိုင်ငံတကာရေးရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

(၂၉-၈-၂၀၂၅ ရက်၊ အဒစ်အဘာဘာ)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယားနိုင်ငံရှိ Organization of Southern Cooperation (OSC) အတွင်းရေးမှူးချုပ်၏ နိုင်ငံတကာရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Teshome Toga Chanaka (Ambassador) အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် (၁၃:၀၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့၊ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်မှ OSC နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သံအမတ်ကြီးမှ နှစ်ဘက်အကြား ပညာရေးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များကို ဆွေးနွေးမေးမြန်းကာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

Contact Us

Address

NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA

Phone

(+251)-1-16726510

© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.