Embassy of the Republic of the Union of Myanmar in Addis Ababa​​

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ အဒစ်အဘာဘာမြို့

H.E U Aung Min Oo, Myanmar Ambassador to the Federal Democratic Republic of Ethiopia attends the National Day of Russian Federation

(12-6-2025, Addis Ababa)

H.E U Aung Min Oo, Myanmar Ambassador to the Federal Democratic Republic of Ethiopia attended the reception of the National Day of Russian Federation on 12 June 2025 at 17:30 p.m at the Russian Embassy Compound in Addis Ababa.

The reception was attended by Hon. Belay Wodlsha Gishadl, Deputy Secretary General of the House of Federation, Federal Democratic Republic of Ethiopia, officials from the Ministry of Foreign Affairs, ambassadors from foreign embassies, chargés d’affaires, military attaches and Distinguished Guests.

************************

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း

(၁၂-၆-၂၀၂၅ ရက်၊ အဒစ်အဘာဘာ)

မြန်မာသံရုံး၊ အဒစ်အဘာဘာမြို့မှ သံအမတ်ကြီး ဦးအောင်မင်းဦးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက် (၁၇:၃၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့အခြေစိုက် ရုရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံ House of Federation မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Hon. Belay Wodlsha Gishadl၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Contact Us

Address

NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA

Phone

(+251)-1-16726510

© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.