High-Level Briefing on CBD COP 17 ဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်
(၁၀-၉-၂၀၂၆ ၊ အဒစ်အဘာဘာမြို့)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၁၀-၉-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့ရှိ ကုလသမဂ္ဂ အာဖရိကစီးပွားရေးကော်မရှင် (UNECA) Conference Center ၌ ကျင်းပပြုလုပ်ခဲ့သည့် High-Level Briefing on Convention on Biological Diversity (CBD) Conference of the Parties (COP 17) ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲအား အာမေးနီးယားသံရုံးနှင့် UNECA တို့က ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပြီး အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ UNECA မှ တာဝန်ရှိသူများ၊ အာဖရိကသမဂ္ဂ (AU) မှ ကိုယ်စားလှယ်များ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အာမေးနီးယား နိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပမည့် COP 17 ညီလာခံအတွက် ပြင်ဆင်ထားရှိမှု များကို အဓိက ဆွေးနွေးခဲ့ကြပါသည်။
************************
(10-9-2026, Addis Ababa)
H.E. U Aung Min Oo, Myanmar Ambassador to Ethiopia, attended the High-Level Briefing on the Convention on Biological Diversity (CBD) Conference of the Parties (COP 17), held on 10 September 2026 at the UNECA Conference Center in Addis Ababa.
The briefing was co-hosted by the Embassy of Armenia and the United Nations Economic Commission for Africa (UNECA). The event was attended by officials from the Ministry of Foreign Affairs of Armenia, representatives from UNECA, delegates from the African Union (AU), Ambassadors and diplomats from various foreign embassies based in Addis Ababa. During the meeting, discussions focused primarily on Armenia’s preparations for hosting the upcoming COP 17 conference, scheduled to be held in October 2026.
Contact Us
Address
NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA
Phone
(+251)-1-16726510
© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.


