Embassy of the Republic of the Union of Myanmar in Addis Ababa​​

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ အဒစ်အဘာဘာမြို့

Shegger International Investment Expo 2026 သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

(3-7-2026, Addis Ababa)

H.E. U Aung Min Oo, Myanmar Ambassador to Ethiopia, attended the opening ceremony of Shegger International Investment Expo 2026, held on 3 July 2026 at Addis Ababa Exhibition Center in Addis Ababa.

Shegger International Investment Expo 2026 is a major investment and trade exhibition organized by the Chamber of Commerce and Sectoral Associations of Shegger City, Ethiopia. At the Shegger International Investment Expo 2026, approximately 100 domestic and international companies participated to showcase their products, services, and investment projects.

The event was attended by officials from Ethiopia, Ambassadors, Chiefs of Missions, Diplomats from various foreign embassies based in Addis Ababa, business leaders and other distinguished guests.

************************

Shegger International Investment Expo 2026 သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

(၃-၇-၂၀၂၆ ၊ အဒစ်အဘာဘာမြို့)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၃-၇-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့၊ Addis Ababa Exhibition Center ၌ ကျင်းပပြုလုပ်ခဲ့သည့် Shegger International Investment Expo 2026 ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

Shegger International Investment Expo 2026 သည် အီသီယိုပီးယားနိုင်ငံ Shegger မြို့၏ ကုန်သည်ကြီးများအသင်းက ကြီးမှူး၍ ကျင်းပသည့် ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ကုန်စည်ပြပွဲကြီးဖြစ်ပါသည်။ Shegger International Investment Expo 2026 တွင် ပြည်တွင်း/ ပြည်ပကုမ္ပဏီ ၁၀၀ ကျော်ခန့်က ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်း များကို ပါဝင်ပြသခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ၊ အဒစ်အဘာ ဘာမြို့အခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Contact Us

Address

NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA

Phone

(+251)-1-16726510

© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.