မော်ရိုကိုနိုင်ငံ၊ ဘုရင်မင်းမြတ်၏ (၂၇) နှစ်မြောက် ထီးနန်းစံသက်အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်
(30-7-2026, Addis Ababa)
H.E. U Aung Min Oo, Myanmar Ambassador to Ethiopia, attended the reception organized to mark the 27th anniversary of the Ascension to the Throne of His Majesty King Mohammed VI of the Kingdom of Morocco. The event was held on 30 July 2026 at the Skylight Hotel in Addis Ababa.
The reception was co-hosted by H.E. H.E. Mrs. Nezha Alaoui M’Hammdi, Ambassador of the Kingdom of Morocco to Ethiopia and Djibouti, and H.E. Mr. Mohammed Arrouchi, Permanent Representative of the Kingdom of Morocco to the African Union(AU). The event was attended by officials from the Ministry of Foreign Affairs of Ethiopia, officials from the African Union, Ambassadors, Chiefs of Missions, Diplomats from various foreign embassies based in Addis Ababa, and other guests.
************************
(၃၀-၇-၂၀၂၆ ၊ အဒစ်အဘာဘာမြို့)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၃၀-၇-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့၊ Sky Light Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် မော်ရိုကိုဘုရင်မင်းမြတ် His Majesty The King Mohammed VI ၏ (၂၇) နှစ်မြောက် ထီးနန်းစံသက်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားအား အီသီယိုပီးယားနှင့် ဂျီဘူတီနိုင်ငံဆိုင်ရာ မော်ရိုကိုသံအမတ်ကြီး H.E. Mrs. Nezha Alaoui M’Hammdi နှင့် အာဖရိကသမဂ္ဂဆိုင်ရာ မော်ရိုကို အမြဲတမ်း ကိုယ်စားလှယ် H.E. Mr. Mohammed Arrouchi တို့က ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး အီသီယိုပီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဖရိကသမဂ္ဂမှ တာဝန်ရှိသူများ၊ အဒစ်အဘာဘာ မြို့အခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Contact Us
Address
NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA
Phone
(+251)-1-16726510
© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.


