ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၆) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာ သံအမတ်ကြီး တက်ရောက်
(၂၃-၉-၂၀၂၆ ၊ အဒစ်အဘာဘာမြို့)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၂၃-၉-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့၊ Sheraton Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၆) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် (National Day) အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အီသီယိုပီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဖရိကသမဂ္ဂမှ တာဝန်ရှိသူများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီး အကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
************************
(23-9-2026, Addis Ababa)
H.E. U Aung Min Oo, Myanmar Ambassador to Ethiopia, attended the reception organized to mark the 96th National Day of the Kingdom of Saudi Arabia. The event was held on 23 September 2026 at the Sheraton Hotel in Addis Ababa.
The event was attended by officials from the Ministry of Foreign Affairs of Ethiopia, officials from the African Union, Ambassadors, Chiefs of Missions, Diplomats from various foreign embassies based in Addis Ababa, and other guests.
Contact Us
Address
NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA
Phone
(+251)-1-16726510
© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.


