ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်
(30-6-2026, Addis Ababa)
H.E. U Aung Min Oo, Myanmar Ambassador to Ethiopia, attended the commemorative conference and reception organized to mark the 66th anniversary of the independence of the Democratic Republic of Congo. The event was held on 30 June 2026 at the Hilton Hotel in Addis Ababa.
During the commemorative event, internationally renowned historian and Professor Emeritus Dr. Isidore Ndaywel delivered a keynote address under the theme, “Challenges to Peace and Development in the DRC, 66 Years After Independence: Historical Perspectives.” As an eminent specialist in the history of the DRC and Central Africa, Professor Ndaywel briefed the attendees on the historical journey of the nation, reflecting on its collective memory and the intricate political, social, and cultural dynamics that continue to shape the contemporary challenges and development of the Democratic Republic of Congo.
The reception was attended by officials from the African Union, Ambassadors, Chiefs of Missions, Diplomats from various foreign embassies based in Addis Ababa, and other distinguished guests.
************************
(၃၀-၆-၂၀၂၆ ၊ အဒစ်အဘာဘာမြို့)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၃၀-၆-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့၊ Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော ဂုဏ်ပြုအခမ်းအနားနှင့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။
အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတကာသမိုင်းပညာရှင်နှင့် ပါမောက္ခချုပ် (အငြိမ်းစား) Dr. Isidore Ndaywel က “လွတ်လပ်ရေးရပြီး ၆၆ နှစ်အကြာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများ- သမိုင်းအမြင် ရှုထောင့် များ” ဟူသော သတ်မှတ်ခေါင်းစဉ်အောက်မှ အဓိကမိန့်ခွန်း ပြောကြားခဲ့ပါသည်။ ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံနှင့် အလယ်ပိုင်းအာဖရိက သမိုင်းကြောင်းဆိုင်ရာ ထင်ရှားကျော်ကြား သော အထူးပြုပညာရှင်တစ်ဦးဖြစ်သည့် ပါမောက္ခ Dr. Isidore Ndaywel သည် တက် ရောက်လာသူများအား နိုင်ငံ၏ သမိုင်းကြောင်းခရီးစဉ်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ စိန်ခေါ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖြစ်တည်မှု ပြောင်းလဲလှုပ်ရှားမှုများအပေါ် ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အာဖရိကသမဂ္ဂမှ အဆင့်မြင့်အရာရှိကြီးများ၊ အဒစ်အဘာဘာမြို့ အခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Contact Us
Address
NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA
Phone
(+251)-1-16726510
© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.


