Embassy of the Republic of the Union of Myanmar in Addis Ababa​​

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ အဒစ်အဘာဘာမြို့

Myanmar Ambassador attends the reception of the National Day of the Sultanate of Oman

(21-11-2025, Addis Ababa)

H.E U Aung Min Oo, Myanmar Ambassador to the Federal Democratic Republic of Ethiopia, attended the reception of the National Day of the Sultanate of Oman held at 18:30 hrs on 20 November 2025 at Sheraton Addis Hotel in Addis Ababa. The celebration was attended by the officials from the Ministry of Foreign Affairs, ambassadors from foreign embassies, chargés d’affaires, the representatives to the United Nations in Addis Ababa and Distinguished Guests.

************************

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အိုမန်နိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

(၂၁-၁၁-၂၀၂၅၊ အဒစ်အဘာဘာ)

အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦး သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ (၁၈:၃၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့ Sheraton Addis Hotel ၌ ကျင်းပခဲ့သည့် အိုမန်နိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး များ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Contact Us

Address

NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA

Phone

(+251)-1-16726510

© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.