Myanmar Ambassador pays a courtesy call on Minister for Foreign Affairs of Ethiopia
(5-9-2025, Addis Ababa)
H.E. U Aung Min Oo, Ambassador of the Republic of the Union of Myanmar to the Federal Democratic Republic of Ethiopia paid a courtesy call on H.E. Mr. Gedion Timothewos Hessebon, Minister for Foreign Affairs of Ethiopia at the Ministry of Foreign Affairs in Addis Ababa on 5 September 2025.
During the meeting, they cordially exchanged views on the strengthening of existing Myanmar-Ethiopia bilateral relations and cooperation, including trade and investment sectors, and enhancement of collaboration in the regional and international arenas as well as the matters on the political development of Myanmar and the preparations for the general election which will be held by the end of this year.
************************
မြန်မာသံအမတ်ကြီး အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးအား သွားရောက်ဂါရဝပြုတွေ့ဆုံ
(၅-၉-၂၀၂၅၊ အဒစ်အဘာဘာ)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Gedion Timothewos Hessebon အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် (၁၅၀၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကိစ္စရပ်များနှင့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ပြင်ဆင်နေမှု ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးပြောကြားခဲ့ပါသည်။
Contact Us
Address
NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA
Phone
(+251)-1-16726510
© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.


