အင်ဒိုနီးရှား Cultural Hub ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်
(18-6-2026, Addis Ababa)
H.E. U Aung Min Oo, Myanmar Ambassador to Ethiopia, attended the opening ceremony of the Indonesian Cultural Hub and Photo Exhibition at the invitation of the Indonesian Ambassador to Ethiopia. The event was held on 18 June 2026 at the Indonesia Embassy in Addis Ababa.
The Cultural Hub primarily aims to showcase the cultural connections between Indonesia and Ethiopia, featuring photographs that highlight the food, lifestyle, and traditional culture of both nations.
The celebration was attended by officials from the Ministry of Foreign Affairs of Ethiopia, officials from the African Union, Ambassadors, Chiefs of Missions, Diplomats from various foreign embassies based in Addis Ababa, and other distinguished guests.
************************
(၁၈-၆-၂၀၂၆ ၊ အဒစ်အဘာဘာမြို့)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယား နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး၏ ဖိတ်ကြားချက်အရ ၁၈-၆-၂၀၂၆ ရက်တွင် အဒစ်အဘာ ဘာမြို့၊ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် အင်ဒိုနီးရှား Cultural Hub ဖွင့်ပွဲအခမ်းအနားနှင့် ဓါတ်ပုံပြပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
Indonesian Cultural Hub သည် အင်ဒိုနီးရှားနိုင်ငံနှင့် အီသီယိုပီးယားနိုင်ငံတို့၏ ယဉ်ကျေးမှု ဆက်နွယ်မှုများကို အဓိက တင်ဆက်ပြသရန် ရည်ရွယ်ထားပြီး နှစ်နိုင်ငံ၏ အစားအသောက်၊ လူနေမှုဘဝ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဓါတ်ပုံများကို ပြသသွားမည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင်မြင့်အရာရှိ ကြီးများ၊ အာဖရိကသမဂ္ဂမှ အဆင့်မြင့်အရာရှိကြီးများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံအမတ် ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Contact Us
Address
NEWHOUSE WOREDA 09, LEMIKURA SUBCITY, ADDIS ABABA
Phone
(+251)-1-16726510
© Copyright 2026 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, ADDIS ABABA.


